ကျုံပျော် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ဒေသဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လယ်ယာကဏ္ဍတွင် (၁.၅) ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် (၄.၅)ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင် (၇.၃)ရာခိုင်နှုန်း တိုးတက်ရန်ရည်မှန်းထားပြီး ရည်မှန်းချက်ပြည့်မီစေရေးအတွက် သက်ဆိုင်ရာဌာနများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူသန်းက ကျုံပျော်မြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက ကဏ္ဍစီမံကိန်း၊ လုပ်ငန်းစီမံကိန်းနှင့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များအား ဌာနဆိုင်ရာအကြီးအကဲများထံသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)