ဟားခါး မေ ၆
ချင်းပြည်နယ်လွှတ်တော်ရုံးတွင် လုံခြုံရေးဆောင်ရွက်ပေးနေသော တပ်ဖွဲ့ဝင်များ ဆန်၊ ဆီနှင့် ကော်ဖီမစ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော်ရုံးရှေ့၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦးနှင့် ချင်းပြည်နယ်လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြည်နယ်လွှတ်တော်ရုံးတွင် လုံခြုံရေးဆောင်ရွက်ပေးနေသော တပ်ဖွဲ့ဝင်တစ်ဦးချင်းကို ဆန်၊ ဆီနှင့် ကော်ဖီမစ်များ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)