ရေတာရှည် မေ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွားများ အားကာကွယ် ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိန်းထွန်းမြင့် ဦးဆောင်မှုဖြင့်ဝန်ထမ်းများနှင့် (CAHW) (တိရစ္ဆာန်ကျန်းမာရေးနှင့်အခြေခံလုပ်သား)တို့က အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ဘိုးတော်ကုန်း ကျေးရွာအုပ်စု၊ ရွှေပြည်ကုန်းကျေးရွာနှင့် ဘိုးတော်ကုန်း ကျေးရွာများမှ နွားမွေးမြူသူတောင်သူ(၂၃)ဦးမွေးမြူထားရှိသည့် နွားကောင်ရေ(၁၈၀) ကောင်အားလည်ချောင်းကွဲ ရောဂါကာကွယ်ဆေးနှင့်ဒေါင့်သန်းရောဂါ ကာကွယ်ဆေးများထိုးနှံ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက်တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း၊ မေထုန်မဲ့သား စပ် ခြင်းလုပ်ငန်းနှင့် နို့စားနွားတိုးချဲ့ မွေးမြူခြင်းတို့ကြောင့် ရရှိလာသည့်အကျိုးအမြတ်များ အကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)