ကန့်ဘလူ မေ ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲအခမ်းအနားကို မေ ၄ ရက်မွန်းလွဲ ၁ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ကန့်ဘလူခရိုင်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး( GDP) တိုး တက်မှုနှုန်းများ မျှော်မှန်းထားသည့်အတိုင်း ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီများအနေဖြင့် မိမိတို့၏ကဏ္ဍအလိုက်၊ မြို့နယ်အလိုက် GDP တိုးတက်မှုနှုန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ခရိုင်စီမံကိန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်မေသက်ဉာဏ်က ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊အားနည်းချက်များနှင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာ ရေးနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ကန့်ဘလူခရိုင်၏ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ် တို့၏ ဒေသန္တရစီမံကိန်း တာဝန်များပေးအပ်ရာ သက်ဆိုင်ရာ ဌာနဆိုင်ရာများက လက်ခံရယူကြကြောင်း သိရသည်။ ကန့်ဘလူ ခရိုင်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းအား ယခင်နှစ်ကာလတူ ကာလထက် ၁ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရရှိရန် ရည်မှန်းရေးဆွဲထားကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)