မကွေး မေ ၆
မကွေးမြို့နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မကွေးမြို့နယ်စီမံကိန်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေငြိမ်းက ဘဏ္ဍာနှစ်အလိုက် ရည်မှန်းချက်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းက လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများကို ကိုယ်စားပြုသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)