ဇလွန် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် မေရီလန်းကျေးရွာ အုပ်စုအိုးဘိုစုကျေးရွာတွင် မြေငှားဂရန် ချထားပေးနိုင်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း ဦးဆောင်သော ကျေးရွာမြေ ငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အစိုးရသစ်၏ရက် (၁၀၀) စီမံ ချက်ဖြင့် မေရီလန်းကျေးရွာအုပ်စုအိုးဘို စုကျေးရွာတွင် မြေငှားဂရန်ချထားပေးနိုင်ရေး ဆောင်ရွက်နေမှုအားကွင်းဆင်း ကြည့်ရူ့စစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း ဦးဆောင်သော ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးမြို့နယ်လုပ်ငန်းအဖွဲ့မှ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ မြေငှားဂရန်ချထားပေးရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ မြေတိုင်းတာခြင်းလုပ်ငန်းများနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ မြေငှားဂရန်လျောက်ထားမည့် နေအိမ်များအား စနစ်တကျ စီမံဆောင်ရွက်ထားရှိမှု ရှိ၊ မရှိအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)