ရေနံချောင်းမြို့နယ်၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ရေနံချောင်း မေ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မာန်မြေကျေးရွာအုပ်စု မာန်မြေမြောက်စုကျေးရွာ၌ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့်မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို မေလ ၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ထိုသို့ထောက်ပံ့ရာတွင် မာန်မြေမြောက်စုကျေးရွာမှ မီးဘေးသင့်အိမ်ခြေ (၁၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် ၁၉ သိန်း၊ အိမ်ထောင်စုဝင် ၇၄ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၃၇၀၀၀၀၊ စုစုပေါင်းထောက်ပံ့ငွေ ၂၂၇၀၀၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ကယ်ဆယ်ရေးပုံးများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများက ဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ကိုစိုးကြီး