ကန့်ဘလူခရိုင် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ မေ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲအခမ်းအနားကို မေ ၄ ရက် မွန်းလွဲ ၁ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ကန့်ဘလူခရိုင်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းများ မျှော်မှန်းထားသည့် အတိုင်းရရှိရေးအတွက် ဌာနဆိုင်ရာများ၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီများအနေဖြင့် မိမိတို့၏ ကဏ္ဍအလိုက်၊ မြို့နယ်အလိုက် GDP တိုးတက်မှုနှုန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ခရိုင်စီမံကိန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်မေသက်ဉာဏ်က ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များနှင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ကန့်ဘလူခရိုင်၏ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့၏ ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ရာ သက်ဆိုင်ရာဌာနဆိုင်ရာများက လက်ခံရယူကြကြောင်း သိရသည်။ ကန့်ဘလူခရိုင်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းအား ယခင်နှစ်ကာလတူကာလထက် ၁ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရရှိရန် ရည်မှန်းရေးဆွဲထားကြောင်း သိရသည်။

အောင်ဝင်းငြိမ်း