ဘားအံ မေ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique ID နံပါတ်မရှိသူများ ထုတ်ပေးခြင်းကို နောကောကျေးရွာအုပ်စု၌ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစည်သူအောင်နှင့် ဝန်ထမ်းများက ဒေသခံပြည်သူများအား ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးမှုရှိပါက မိတ္တူပြုလုပ်ပေးခြင်း၊ အသက်၁၀နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက်၁၈နှစ်ပြည့် လဲလှယ်ခြင်းတို့ အားကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးစိုးအေး(ပြန်/ဆက်)