မြဝတီမြို့ ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ နွား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြဝတီ  မေ ၅

ကရင်ပြည်နယ်၊မြဝတီခရိုင်၊ မြဝတီမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်များကူးစက်ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပညာပေးသင်တန်းနှင့်ဟောပြောပွဲများဆောင်ရွက်ခြင်း၊ အများပြည်သူစားသုံးရန်အတွက်ရောင်းချသည့်အသားဆိုင်များအား စစ်ဆေးခြင်း၊ တိရစ္ဆာန်အစားများအတွက် ကောက်ရိုး၊ မြက်တို့အားပြုပြင်မှု သရုပ်ပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ် (၆)ရပ်ကွက်၌ ကျွဲ၊နွားကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာ၌ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်လွင် ကြီးကြပ်မှုဖြင့်   မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဖြိုးဝေအောင်နှင့်ဝန်ထမ်းများက  အမှတ်(၆)ရပ်ကွက်ရှိ နွား(၁၁၇)ကောင်အား  ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)