ပန်းတောင်းမြို့နယ် ရေဝင်ကြီးကျေးရွာတွင် ခေါင်းလျှော်ရည် ဆပ်ပြာချက် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊  ပန်းတောင်းမြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  အသက်မွေးဝမ်းကျောင်း ထောက်ပံ့ ရန်ပုံငွေဖြင့် ခေါင်းလျှော်ရည် ဆပ်ပြာချက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံက်ပိုင်းက နတ်မောက်ကျေးရွာအုပ်စု ၊ ရေဝင်ရွာကြီးကျေးရွာ ဘက်စုံသုံးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ပန်းတောင်းမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်မှ သင်တန်း ဆင်းအမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်မှသင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်း ဆင်းလက်မှတ်နှင့်လက်ဆောင်ပစ္စည်းများပေအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကာလမှာ ဒီဇင်ဘာ (၁၁)ရက်နေ့မှ(၁၅)ရက်နေ့ထိ (၅)ရက်စာတွေ့လက်တွေ့ သင်တန်းပို့ချပေးပြီး ရေဝင်ရွာကြီး ကျေးရွာနှင့် အနီးနားကျေးရွာများမှသင်တန်းသား/သူ(၂၀)ဦးတက်ရောက်ကြပါသည်။

သင်းသင်းအေး