ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်နိုင်ရေး ဌာနဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များဖွဲ့စည်း

ကြံခင်း ဇန်နဝါရီ  ၁၅

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များရွေးချယ်ထား ခန့်ထားခြင်းနှင့်ပတ်သက်၍ ဥပဒေ ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ၊ နည်းဥပဒေများ နှင့်အညီ ကြီးကြပ်ရေး အဖွဲ့ရွေးချယ်မှုလုပ်ငန်းစဉ်များ ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ကျေးရွာတာဝန်ခံ ရွေးချယ်ရေးလုပ်ငန်းစဉ်များအား ပြည်သူများသိရှိစေရန် ဗီနိုင်း ၊ လက်ကမ်းစာစောင်များ ၊ အသံချဲ့စက်များဖြင့် အသိပညာပေးဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ မိမိတို့တာဝန်ကျရာရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှု လုပ်ငန်းစဉ်များကို ဥပဒေနှင့်အညီ သတ်မှတ်ကာလအတွင်း စနစ်တကျ ရွေးချယ်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အတွက်  ကြီးကြပ်ရေးအဖွဲ့များအား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့်  မြို့နယ်အဆင့် ဌာနဆိုင်ရာ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်ပို့ပို့ဇင် (ပြန်/ဆက်)