ကျောက်တံခါးမြို့မ​စျေးအတွင်း ကိုဗစ်-၁၉​ရောဂါ ကြိုတင်ကာကွယ်​ရေး နှိုး​ဆော်ခြင်းနှင့် နှာ​ခေါင်းစည်း များ၊ လက်ကမ်းစာ​စောင်များ အခမဲ့ဖြန့်​ဝေခြင်း​ဆောင်ရွက်

ကျောက်တံခါး   ဇန်နဝါရီ  ၁၅

ပဲခူးခရိုင်ကျောက်တံခါးမြို့နယ်တွင် မျက်နှာနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထု လှုပ်ရှားမှု စီမံချက်ဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများနှင့် လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေခြင်းကို ဗိုလ်ချုပ်လမ်းနှင့် မြို့မစျေးအတွင်း နေ့နံနက် ()နာရီက(Mask  Campaign)ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေမှာ ဆောင်းရာသီသို့ ကူးပြောင်းရောက်ရှိနေချိန်ဖြစ်ပြီး သဘာဝအားဖြင့် ဗိုင်းရပ်ရောဂါပိုးများပြန့်ပွားမှုကို ပိုမိုဖြစ်စေ နိုင်သည့်ကာလ ဖြစ်သောကြောင့် လူစုလူဝေးများသည့်နေရာများတွင် အထူးအစီအစဉ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါအသိပညာပေးဆောင်ရွက်ရာတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများက ဦးဆောင်၍ လူစုလူဝေးများသည့်စျေးနှင့်ကားဂိတ်များတွင် မျက်နှာနှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက် (Mask  and  Face Shield  Campaign)ဖြင့် နှာခေါင်းစည်များ၊ လက်ကမ်း စာစောင်များ အခမဲ့ပေးဝေခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအမိန့်ညွှန်ကြားချက်များအား အသံချဲ့စက်များ၊ လက်ကိုင်ဟွန်း များဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရှိရသည်။

စန်းစန်း(ပြန်/ဆက်)