အိမ်မဲ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျေးလက် တောရွာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကျိုက်ပိကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင် ဦးဆောင်၍ ပြည်သူ့ဆေးရုံမှ ကုသရေးဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ကျေးရွာအာဏာပိုင် အဖွဲ့အစည်းများ ကျန်းမာရေး ကော်မတီများ၊ နယ်မြေခံ မိခင်နှင့်ကလေး ကျန်းမာရေး မြှင့်တင်သူ (MCHP)များ၊ NGO များ ပူပေါင်း၍ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်မကူးစက်ရောဂါသည်များ၊ ငါးနှစ်အောက် ကလေးများ အစရှိသည်တို့ကို ကျန်းမာရေးပညာပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ငှက်ဖျားပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ သွေးအုပ်စုခွဲပေးခြင်း အစရှိသော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)