ရေတာရှည်မြို့နယ်၊မြို့လှမြို့တွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရေတာရှည် ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ ပြည်သူများအား မီးဘေးအသိ၊ သတိရှိစေရန် ရည်ရွယ်၍ ယမန်နေ့နေ့လယ် ၁:၃၀ အချိန်က အမှတ် (၅)ရပ်ကွက်သို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ၊ မီးလောင်မှုဖြစ်ပေါ်လာလျှင် ဆောင်ရွက်သင့်သည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံ စသည့် အကြောင်းရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အရေးပေါ်မီးဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စနစ်တကျ မီးငြှိမ်းသတ်ရမည့် နည်းလမ်းများအား အသိပညာပေးရှင်းလင်း၍ တစ်အိမ်တက် /ဆင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)