ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့်(၃/၂၀၂၆) သင်တန်း မြန်အောင်မြို့ အ.ထ.က(ခွဲ)ရေနံမြေကျောင်းတွင်ဖွင့်လှစ်

မြန်အောင် ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း(အခြေခံ) အဆင့် (၃/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့အ.ထ.က(ခွဲ)ရေနံမြေကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်ပြုံးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အ.ထ.က(ခွဲ)ရေနံမြေ ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)အဆင့် (၃/၂၀၂၆) သင်တန်းဖွင့်ပွဲကိုကျင်းပခဲ့သည်။

ကျောင်းသားလူငယ်များ ကြက်ခြေနီစိတ်ဓါတ်ရှိပြီး ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးအန္တရာယ် များကိုကူညီနိုင်‌ရန်နှင့် ကာကွယ်နိုင်ရန်သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးသူနာပြုစုခြင်း အခြေခံသဘောတရားများနှင့် သဘာဝဘေး အန္တရာယ်အကြောင်း သိကောင်းစရာများ သင်ကြားသွားမည်ဖြစ်ပြီး မေလ ၈ ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားတွင် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သွားမည် ဖြစ်ကြောင်း မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ဝင်းဗိုလ်(မြန်အောင်)