ဟင်္သာတ ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဟင်္သာတအကျဉ်းထောင် သီးသန့် တရားရုံးတွင် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက် ထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းသား ကျား (၁၇)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၉)ဦးတို့အား အကျဉ်းထောင်မှလွှတ်ပေးခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်တာဝန်ရှိသူများက နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှု သောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/အချုပ် ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား/သူများအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်ဟုသော စည်းကမ်းသတ်မှတ်ချက် များဖြင့် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၅၁/၂၀၂၆)အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ အကျဉ်းသား/သူများ လွှတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဟင်္သာတအကျဉ်းထောင် တာဝန်ခံ အရာရှိ ဦးသန်းဇော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်သေခံလက်မှတ်များနှင့် ဒေသခရီးစရိတ်နှင့် စားစရိတ်များ ပေးအပ်ခဲ့သည်။ ယနေ့တွင် ဟင်္သာတ အကျဉ်းထောင်မှ အကျဉ်းသား ကျား (၁၇)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၉)ဦးတို့အား ထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဋ္ဌေး၊ မြို့မစခန်းမှူး ဒုရဲမှူး မြင့်သိန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ဦးသွင်ကိုကိုအောင်၊ စစစ ဦးစီးမှူး ဦးလင်းလင်းထက်၊ ထောင်တာဝန်ခံအရာရှိ ဦးသန်းဇော်ဝင်းတို့နှင့် အကျဥ်းသား/သူများ၊ စုစုပေါင်း (၃၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)