ပေါင်းတည် ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်အချုပ်ထောင်မှ ယနေ့ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်၊ ၁၃၈၈ ခု ကဆုန်လပြည့်နေ့ နံနက် ၈နာရီ မိနစ်၄၀ မှ နံနက် ၉နာရီအချိန်ထိ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသာမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ကျင့် ၄၀၁ (၁)၊ အမိန့်အမှတ် (၅၁/၂၀၂၆)အရ စည်းကမ်းသတ်မှတ်ချက်များ ညီညွတ်သော ပေါင်းတည်အချုပ်ထောင်မှ အကျဥ်းသား (၈) ဦးတို့အား ပြစ်ဒဏ်အသီးသီးမှလျော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အခမ်းအနားကို ပေါင်းတည်အချုပ်ထောင်ရှိ ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပေါင်းတည်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ အချုပ်ထောင်အရာရှိ ဦးစိုင်းခမ်းမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်နိုင်၊ခရိုင် စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းမင်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစည်သူဝင်းတို့ တက်ရောက်ခဲ့ကြပြီး ဆုံးမဩဝါဒစကားများမှာကြား၍ ခရီးစရိတ်၊ စားစရိတ်များ ထောက်ပံ့ပေးအပ်ကာ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
ရွှေသား(IPRD)