ပုလောမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပွဲကျင်းပ

ပုလော မေ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပွဲကို မေလ ၂ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် မကျည်းကုန်းကျေးရွာ တောင်သူဒေါ်မြထွေး လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။

ယင်းသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပွဲကို ပုလောမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ဇင်ထွန်းနှင့် တာဝန်ရှိသူများက တောင်သူလယ်သမားများကို ပိုက်ဆံလျော်မျိုးစေ့များ ပေးအပ်ခဲ့ပြီး၊ တောင်သူလယ်သမားများနှင့်အတူ မိုးစပါးစိုက်မည့် လယ်မြေများတွင် မျိုးစေ့ချစိုက်ပျိုးပေးခဲ့ပါသည်။

အဆိုပါသစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်းက မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်၍ နိုက်ထရိုဂျင် ဓာတ်မြေဩဇာသုံးစွဲမှုလျော့ချနိုင်ကြောင်း၊ (ပိုက်ဆံလျှော်) မျိုးစေ့ချစိုက်ပျိုးပြီး အပင်အသက် (၄၅) ရက်၊ ပန်းပွင့်ချိန်တွင် ထယ်ထိုးမြုပ်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ပုလော(ပြန်/ဆက်)