မြောင်းမြ မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မေလ (၅) ရက်နေ့၌ ရောက်ရှိမည့် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် မီးသတ်ဦးစီးဌာနရုံးရှေ့၌ နှစ် (၈၀) ပြည့်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဆိုင်းဘုတ်အား စိုက်ထူခဲ့ပြီး မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့်တာဝန်ရှိသူများက ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၀) ဦးတို့ စုပေါင်းသွေးလှူဒါန်းနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)