ငရုတ်ကောင်း မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင် လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်များနှင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကရွေးချယ်တင်မြှောက်ထားသော ဒေသခံပြည်သူများဖြစ်သည့်အတွက် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဒေသ ဖွံ့ဖြိုးတိုးတက် လုပ်ငန်းများအတွက် ဒေသခံပြည်သူများကလိုအပ်သည်များကို တင်ပြဆွေးနွေးသွားရန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဒေသ ကိုယ်စားလှယ်(၂)ဦးက မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီးကျေးရွာရှိ ဒေသခံပြည်သူများက ကျေးရွာလိုအပ်ချက်များကို တင်ပြဆောင်ရွက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)