လက်ပံတန်း မေ ၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကျင်းပသော သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ဘုရားကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက် (၈)နာရီမှစတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လက်ပံတန်းမြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် သက်ဆိုင်ရာမြို့နယ်အဖွဲ့ သံဃာနာယက ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)