ရေကြည်မြို့နယ်တွင် (၂၀၂၆)ခုနှစ် “ကမ္ဘာ့ကာကွယ်ဆေး” ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကျင်းပ

ရေကြည် မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးဌာနသည် “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်း‌ဇော်လင်းတို့က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ထွန်းအောင်က ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား ကာကွယ်ဆေးများအား ဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးနေမှုများနှင့် ကာကွယ်ဆေး၏ တန်ဖိုးနှင့်အကျိုးကျေးဇူးများအား အသိပညာပေးဆွေးနွေးခြင်းနှင့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) လှုပ်ရှားဆောင်ရွက်မှု “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” Video Clip အား ပြသခြင်း၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အသက်အရွယ်အလိုက် လိုအပ်သည့်ကာကွယ် ဆေးများ ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​ဒေါ်အိအိချော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူများတက်ရောက်ခဲ့ပါသည်။

မြို့နယ်(ပြန်/ဆက်)