အုတ်တွင်းမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူ

အုတ်တွင်း မေ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ၂၀၂၆ ခုနှစ်၊မေလ( ၅) ရက်နေ့တွင် ကျရောက်မည့်နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့် ဘုရားအနီး မီးပွိုင့်လမ်းဆုံ တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါမြေစိုက်ပိုစတာတွင် မီးသတ်ဦးစီးဌာန၏ မီးငြှိမ်းသတ်ရေးလုပ်ငန်းစဥ်များ၊ သဘာဝဘေးကယ်ဆယ်ရေးဆောင်ရွက်ချက်များ၊ မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ချက်၊ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ၊ ဘာသာရေးဆောင်ရွက်ချက်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများပါဝင်ကြောင်း၊ မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က အောင်သပြေပန်းခက်ဖြင့် အမွှေးနံ့သာများပက်ဖျန်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပါကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)