ရွှေကျင် မေ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ညောင်ဝိုင်း/တရုတ္တန်းရပ်ကွက်တွင် တည်ထားကိုးကွယ်လျှက်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော် တင်လှူပွဲကို ကဆုန်လပြည့်နေ့ နံနက် (၉)နာရီမှစ၍ ကျင်းပသည်။
ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးစေတီတော်မြတ်ကြီး ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့မှုအပေါ် အသစ်တဖန်ပြန်လည်၍ ရွှေသင်္ကန်းကပ်လှူပြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက် မြတ်နားတော် တင်လှူပွဲအခမ်းအနားကို မြို့နယ်သံဃနာယက ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲေရးနှင့်အုပ်ချုပ်ေရးေကာ်မတီဥက္ကဌဦးေဇယျာဟိန်းနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တိုး၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများမှ ပြန်လည်တင်လှူပူဇော်ခဲ့ပြီး ထီးတော်တင်ပွဲသို့လာရောက်ကြသည့် ဘုရားဖူးပြည်သူများအား စတုဒီသာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)