ရွှေတောင်မြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ရွှေတောင်  ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ် ၍ လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက် ခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီအချိန်က မိခင်နှင့်ကလေး စောင့်ရှောက် ရေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဝန်ထမ်းများက မြို့ပေါ် (၃) ရပ်ကွက်နှင့်ကျေးရွာ များမှ အသက်(၂) နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ (B) ပိုး၊  ဦးနှောက်မြှေးရောင်၊ (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက် ရောင်ရောဂါ (၁၁) မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေ တတ်သော (Rota) ကာကွယ်ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကလေးငယ်များအား ပေါင်ချိန် ၍ ကိုယ်ကလေး ချိန်မှတ်တမ်း ရယူခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေး ထိုးပေးခြင်း တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)