တံတားမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရက် ၁၀၀ စီမံချက်ပါ မှုခင်းကျဆင်းရေးဟောပြောပွဲ ကျင်းပ

တံတား ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှု​လျော့နည်းကျဆင်းစေရေး၊ ပြည်သူများသိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေရေးအတွက် ရည်ရွယ်၍ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက တံတားမြို့ ဝိဇ္ဇာဓမ္မသာသနာ့ဗိဗ္မာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် တံတားမြို့အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်က မှုခင်းကျဆင်းရေး ဟောပြောပွဲ ကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောက်တန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဇော်မှ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက်  မှုခင်းဖြစ်ပွားမှုလျော့နည်းစေရေး၊ ပြည်သူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေး၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် ဖြစ်ပွားလျက်ရှိသည့် လိမ်လည်မှုဖြစ်စဥ်များအား ပြည်သူများသိရှိစေရန်အတွက် (Video Clip) များပြသ၍ အသိပညာပေးဟောပြောခြင်းနှင့် တံတားနယ်မြေရဲစခန်းမှ နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်စိုးအောင်က ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများနှင့် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ပါက ချမှတ်ခံရမည့်ပြစ်ဒဏ်များ၊  ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်၊ကျေးရွာပြည်သူ‌နေများအား မှုခင်းကျဆင်းရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သိရှိလိုသည့် မေးမြန်း‌ဆွေးနွေးမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ စုစုပေါင်းလူဦးရေ (၁၃၅) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လှိုင်သူဇာ(ပြန်/ဆက်)