အင်္ဂပူမြို့နယ်၊ ပန်းဒိုးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်း

အင်္ဂပူ ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ဖော်ထုတ်၍ ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန်အတွက် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့်‌ ညောင်ကျိုးကျေးရွာအုပ်စု၊ ပန်းဒိုးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အ-မ-က(ပန်းဒိုး) တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်က မိတ်ဆက်အမှာစကား‌‌ပြောကြားခဲ့သည်။ ထို့‌နောက် ညောင်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဇော်က စီမံကိန်းလုပ်ငန်းများအောင်မြင်စေရေး တက်ညီလက်ညီပူး‌ပေါင်းဆောင်ရွက်ရန် ပြောကြီးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးရဲထွန်းအောင်က  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအားလည်းကောင်း၊ စီမံကိန်းနှင့် ပတ်သက်၍ ကဏ္ဍအလိုက်ဆောင်ရွက်မည့်ကိစ္စများ၊ ကော်မတီရွေးချယ်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ‎‎ဆက်လက်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာလုပ်ငန်းကော်မတီဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌအပါအဝင် ကော်မတီ (၁၁) ဦးကို ရွေးချယ်ဖွဲ့စည်းခြင်း၊ ဦးစားပေးစီမံကိန်းလုပ်ငန်းရွေးချယ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်သူ့အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ငွေနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင်ပါဝင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)