ထားဝယ် ဇန်နဝါရီ ၁၅
မြန်မာ-ဒိန်းမတ် ရေရှည်တည်တံ့သော ကမ်းရိုးတန်းငါးလုပ်ငန်းစီမံကိန်း၊ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု၊ အဆင့်မြင့်စက်ချုပ်သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအခြေပြုငါးသယံဇာတထိန်းသိမ်းရေးအသင်းရုံး၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးဦးသံချောင်းက ရေလုပ်သားမိသားစုများအသက်မွေးဝမ်း ကြောင်းအ ထောက်အကူပြုစေရန် ရည်ရွယ်၍သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေး လျက်ရှိသော ဘာသာရပ်များအပေါ်တွင် စိတ်ပါဝင်စားစွာလေ့လာ မှတ်သားပြီးသင်တန်းမှရရှိမည့်အသိ ပညာ၊အတက်ပညာ များကိုလည်း လက်တွေ့နယ်ပယ်တွင် ကိုယ်တိုင်အသုံးချနိုင်အောင် ကြိုးစားသွားကျရန်နှင့်မျှဝေပေးနိုင် အောင်လုပ်ဆောင် သွားကြရန်လိုကြောင်းပြောကြားသည်။
သင်တန်းတွင်သင်တန်း ဆရာမဒေါ်လွင်မာစိုးနှင့်တာဝန်ရှိသူများ က သင်တန်းသူ(၂၂)ဦးအားမတ်(၁၄)ရက်နေ့ အထိ(၃)ကြာစာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)