ကျုံပျော် ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ကျုံပျော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ(၁)၌ ဧပြီ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူသန်းက ကျုံပျော်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက ခရိုင်အဆင့် ကဏ္ဍစီမံကိန်း၊ လုပ်ငန်းစီမံကိန်းနှင့် မြို့နယ်များ၏ ဒေသန္တရစီမံကိန်းတာဝန်များအား ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများထံသို့ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)