ကျိုက်လတ်မြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး စွမ်းရည်မြှင့်မွမ်းမံသင်တန်း အပတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲ ကျင်းပ

ကျိုက်လတ် ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) စွမ်းရည်မြှင့်မွမ်းမံသင်တန်း အပတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၂၇) ရက်၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက် နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ရဲဝင့်အောင်က စွမ်းရည်မြှင့်မွမ်းမံသင်တန်း အပတ်စဉ် (၁/၂၀၂၆) သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် လက်တွေ့လေ့ကျင့်ဆောင်ရွက်ရမည့် လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့ပေါ်လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင် (ပြန်/ဆက်)