ပုလောမြို့ အမှတ်(၅) ရပ်ကွက် မီးဘေးသင့် နေအိမ်တစ်လုံးအား ငွေနှင့် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပုလော  ဇန်နဝါရီ    ၁၅

ပုလောမြို့  အမှတ်(၅)ရပ်ကွက် ရှမ်းမမဲလမ်းတွင် ယမန်နေ့က မီးလောင်မှုဖြစ်ပွား၍ မီးဘေးသင့်ခဲ့သော အိမ်ထောင်စု တစ်စုကို ဇန်နဝါရီလ  ၁၅ ရက်နေ့ နံနက် (၁၁)နာရီက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ ပုလောမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ကူညီမှုလုပ်ငန်းကို သွားရောက် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ထောက်ပံ့ကူညီမှုတွင် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်တစ်ဆောင်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁)သိန်း ကျပ် ၊ မိသားစု၀င် (၅) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၀၅၀၀/−) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပုံ(၁) လုံးကို ပုလောမြို့နယ်၊ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်မြစောနွယ်က ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)