လက်ပံတန်း ဧပြီ ၂၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အ.လ.က ကျွန်းကလေး၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရက် (၁၀၀) စီမံချက်ဖြင့် အသက် (၁၀) နှစ်အထက် ကျွန်းကလေးကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးနိုင်ငံသားစိစစ်ရေးကတ်များကို ပြည်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)