ဂန့်ဂေါ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ကျော်ဝင်းရေးသားသည့် “ နှစ်ဆယ့်တစ်ရာစု သားရွှေဥ ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လူငယ်တွေမှန်ကန်သောအတွေး၊ မှန်ကန်သောအမြင်များ ရှိလာစေရေး၊ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အစီအစဉ်တကျဖြစ်စေရန် ရည်ရွယ်ပြီး လူငယ်စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ပြောကြားသည်။
အဆိုပါလူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးအောင်စိုးမင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၃၀)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)