ပန်းတောင်း ဧပြီ ၂၈
ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးကိုကိုဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်ကျော်လင်း၊ စည်ပင်သာယာရေးဝန်ကြီးဦးထွန်းထွန်းဦး၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါ၍ ရွှေဘုံသာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင်ဒေါ်စန်းစန်းမော်၏ နို့စားနွား (၂၃) ကောင်အားလည်းကောင်း ၊ငါးဆယ်ပေးကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် မြေသြဇာကြဲပတ်ပွဲအား ကြည့်ရှုအားပေး၍ တောင်သူများနှင့်တွေ့ဆုံပြီး၊ ဒန့်ဒလွန်ကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင်ဦးအောင်မြင့်၏ အသားတိုးဝက် (၅၀) ကောင် မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေါင်းမြတ်နားကျေးရွာရှိ သစ်တောပျိုးဥယာဥ်၌ မိုးရာသီလူထုစိုက်ပျိုးမည့် ပျိုးပင်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့သည်။
လပြည့်လင်း(ပြန်/ဆက်)