ဖြူးမြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် ကလေးများ ကာကွယ်ဆေးထိုးနှံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဖြူး ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြုးမြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်ကလေးများ ကာကွယ်ဆေးထိုးနှံမှု ရှိ/မရှိ ရှာဖွေစစ်ဆေးမှတ်တမ်းယူခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက ဖြူးမြို့ပေါ်ရပ်ကွက်အတွင်း ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း မွေးကင်းစမှစ၍ အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ အဆုတ်ရောဂါ၊ ဆုံဆို့- ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပိုလီယိုအကြောသေ၊ ဗီတာမင်အေနှင့် သံချဆေးများ အသက်အပိုင်းအခြားအလိုက် ထိုးနှံ​ခြင်း၊ တိုက်ကျွေးပေးခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ မှတ်တမ်းယူခြင်းအနေဖြင့် ကလေးများ ကာကွယ်ဆေးထိုးနှံမှု ရှိ/မရှိ ရှာဖွေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)