ပေါက်ခေါင်း ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီအတွက် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်ကျေးရွာများအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးအဆောက်အအုံများ၊ လူနေအိမ်များနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်စေရေးနှင့် မိမိတို့ပတ်ဝန်းကျင်တွင် မီးလောင်လွယ်သည့် စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များမရှိစေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ စနစ်တကျ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)