ဘားအံ ဧပြီ ၂၄
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မျက်စိဝေဒနာရှင်များအား အခမဲ့ မျက်စိစမ်းသပ်ကုသပေးခြင်း၊ မျက်မှန်များပြုလုပ်ပေးခြင်း အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့ နံနက် (၉:၀၀)နာရီက ဘားအံမြို့နယ် ပြည်သူ့ဆေးရုံကြီး သုံးထပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းဘေဘီမြင့်က အဖွင့်အမှာစကားပြောကြားပြီး အလှူငွေကျပ် သိန်း(၂၀)လှူဒါန်းပေးသော ကရင်အမျိုးသမီးများဖွံ့ဖြိုးရေးအသင်း(ခ)မေတ္တာသီရိအမျိုးသမီးနှင့် ကလေးသူငယ်များဖွံ့ဖြိုးရေးအသင်း ရုံးခွဲ တာဝန်ခံနှင့် အလှူငွေကျပ်(၁၀)သိန်း လှူဒါန်းပေးသော စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်း ဘားအံရုံးခွဲ တာဝန်ခံတို့က အလှူငွေများပေးအပ်လှူဒါန်းရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာနည်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုသို့ မျက်စိစမ်းသပ်ကုသပေးရာတွင် ဘားအံပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန် ဒေါက်တာ တင်ဇော်မြတ်နှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိရောဂါဝေဒနာရှင် များအား အခမဲ့စမ်းသပ်ကုသပေးပြီး မျက်မှန်များ ပြုလုပ်ပေးခဲ့ရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မျက်စိဝေဒနာရှင်များအား အအေးနှင့်မုန့်အာဟာရများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)