တိန်းကယားကျေးရွာတွင် စက်ရေတွင်း (တွင်းနက်) တူးဖော်ဆောင်ရွက်ပေးမည်

ခါမ်းပါတ်  ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ တိန်းကယားကျေးရွာအုပ်စု၊ တိန်းကယား (ဗမာ) ကျေးရွာတွင် ကျေးလက်ရေ ရရှိရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စက်ရေတွင်း (တွင်းနက်) တူးဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရေတွင်းတူးဖော်မည့်နေရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်း၊ တမူးခရိုင်ကျေးလက် ဦးစီးမှူး ဒေါ်ဥမ္မာခင်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းနှင့် ကျေးရွာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ တူးဖော်ရာတွင် အလှူရှင် ဦးတင်အေး လှူဒါန်းသည့် ပေ (၃၀) ပတ်လည်အကျယ်ရှိ မြေကွက်ပေါ်တွင် ပေ (၄၀၀') အနက်ရှိ( ၄")လက်မတွင်း တူးဖော်မည်ဖြစ်ပြီး ဂါလံ( ၂၄၀၀) ဆံ့ ရေစင်အပါအဝင် (၁၀×၈×၈)အကျယ်ရှိ စက်ရုံနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်မည်ဖြစ် သည်။

အဆိုပါ စက်ရေတွင်း(တွင်းနက်) တူးဖော်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် Mungpi @Associate Co. ltd က တာဝန်ယူ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)