လဟယ် ဧပြီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာ၀န်ပးအပ်ပွဲ အခမ်းအနားကိုယနေ့(၁၄:၀၀)နာရီအချိန် လဟယ်မြို့နာဂဒေသဦးစီးအဖွဲ့ အစည်းအဝးခန်းမ၌ ကျင်းပပါသည်။
ဦးစွာ နာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားပြီး နာဂဒေသစီမံကိန်းဦးစီးမှူး (ဒုတိယညွှန်ကြားရေးမှူး)ဒေါ်ရီရီပြုံးက (၂၀၂၆-၂၀၂၇)ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် ပတ်သက်၍ ရှင်းလင်းပါသည်။
ထို့နောက် နာဂဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးလှထွန်းက ဒေသအဆင့်ဌာနဆိုင်ရာများအား ဒေသန္တရစီမံကိန်းရည်မှန်ချက်များဖြစ်သာ လယ်ယာဏဏ္ဍ၊ စက်မှုကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း တာ၀န်များ အသီးသီးပေးအပ်ရာ သက်ဆိုင်ရာဌာနများကလက်ခံခဲ့ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)