လပွတ္တာခရိုင်တွင်ဌာနဆိုင်ရာ အစည်းပုံမှန်အစည်းဝေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

လပွတ္တာ ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဌာနဆိုင်ရာအစည်းပုံမှန်အစည်းဝေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့နံနက် (၉:၃၀)ချိန်ကကျင်းပခဲ့သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၊ တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမင်းတို့က လွှတ်တော်အတွေ့အကြုံနှင့် တာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)