ကျွန်းစု ဧပြီ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာများကို ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကျွဲခရံကျေးရွာအုပ်စု၊ ကျွဲခရံကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်း အသိပညာပေးဟောပြောသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ ဘိနယ်တာဝန်ခံ တောအုပ် ဦးတင်လှိုင်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ များကို ကျေးရွာသူကျေးရွာသားများအား အသိပညာပေးဟောပြောသည်။
ထို့နောက် သစ်တောဦးစီးဌာနဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clip များ ပြသခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)