ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများထံသို့ စားအုန်းဆီ ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချနေမှုများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူများထံသို့ စားအုန်းဆီ ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချနေမှုများအား ဧပြီ ၂၃ ရက်နေ့နံနက်ပိုင်း၌ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ‌ဦးမျိုးကျော်၊ အဖွဲ့ဝင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုး၊ အတွင်း‌‌ရေးမှူး စားသုံးသူရေးရာ‌ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်တို့မှ ဆားမလောက်ကျေးရွာတွင် လက်ကားဆီကိုယ်စားလှယ်မှ ပြည်သူများသို့ ရည်ညွှန်းဈေး တစ်ပိဿာလျှင် (၇၅၁၀)ကျပ်နှုန်းဖြင့် ရောင်းချနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ကားဆီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ မှန်ကန်စွာရောင်းချ‌စေရေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)