ပွင့်ဖြူမြို့နယ်၌ နွေစပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးတောင်သူများကို စက်သုံးဆီများ ကျေးရွာအရောက် ဆက်လက်ဖြန့်ဖြူးရောင်းချပေး

ပွင့်ဖြူ ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်   နွေစပါးနှင့်ဆီထွက်သီးနှံရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် ယနေ့နက်ပိုင်းက မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူများက နွေစပါးနှင့်ဆီထွက်သီးနှံစိုက်ပျိုးရေးအတွက် မြေယာထွန်ယက်ပြုပြင်ရန်ကျန်ရှိသော တောင်သူများထံသို့ စက်သုံးဆီများ ကျေးရွာအရောက် ဆက်လက်ဖြန့်ဖြူးရောင်းချပေးသည်။

ထိုသို့ ဒေသခံတောင်သူများအတွက် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် ယနေ့တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကုန်းဇောင်းကျေးရွာ၊ လက်ခုပ်ကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ မုန်းမြင့်ကျေးရွာ၊ အင်းဒေါင်းကျေးရွာ၊ ကံသာကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ လယ်ကိုင်းကျေးရွာ၊ လယ်လှကုန်းကျေးရွာ၊ ကန်ဆွယ်ကျေးရွာ၊ ကျောင်းတော်ရာကျေးရွာ၊ မင်းမြေကျေးရွာ ၊ ဖလံတောကျေးရွာ ၊  ရွှေလှေကျေးရွာ ၊ ထနောင်းတောကျေးရွာ၊ ဇီးကိုင်းကျေးရွာနှင့် ဆည်မုန်းကျေးရွာသို့သွားရောက်ကာ နွေစပါးနှင့်ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကလျှင် စက်သုံးဆီတစ်ဂါလန်နှုန်း ရောင်းချပေးရာ  စုစုပေါင်း စက်သုံးဆီ ၈၅၉၅ ဂါလန်အား တစ်ဂါလန် ငွေကျပ် တစ်သောင်းနှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် တောင်သူများလက်ဝယ်အရောက် စနစ်တကျ ဖြန့်ဖြူးရောင်းချပေး ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် နွေစပါးနှင့် ဆီထွက်သီးနှံရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်မှ ဒေသခံတောင်သူများ  သီးနှံစိုက်ပျိုးရာ၌ စက်သုံးဆီအခက်အခဲလျော့နည်းပပျောက်စေရန်နှင့် အလွယ်တကူဝယ်ယူသုံးစွဲခွင့်ရရှိစေရန်ရည်ရွယ်၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို  တစ်ဂါလန် ငွေကျပ် တစ်သောင်းနှုန်းဖြင့် လယ်ယာလုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ဧပြီ ၁၉ ရက်နေ့မှ ယနေ့အထိ  စက်သုံးဆီဂါလန်  ၂၀၆၁၄ ဂါလန်အထိ ဖြန့်ဖြူးရောင်းချပြီးစီးပြီဖြစ်ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )