မြောင်းမြမြို့တွင် KTV နှင့် စင်တင်တေးဂီတလုပ်ငန်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

မြောင်းမြ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် KTV နှင့် စင်တင်တေးဂီတလုပ်ငန်းများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၏ လမ်းညွှန်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးမင်းလွင်က ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများက KTV နှင့် စင်တင်တေးဂီတလုပ်ငန်းများ၌ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)