ငပုတော ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်ပြီး နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar သင်တန်းကို ငပုတောမြို့ မြောက်ပိုင်းရပ်ကွက် တောရကျောင်းတိုက် ဓမ္မာရုံတွင် ဖွင့်လှစ်သည်။
အဆိုပါ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းကို ငပုတောမြို့ တောရကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တကုမာရအရှင်သူမြတ်က ဦးဆောင်ကာ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းနည်ပြ ဆရာတော်ဆရာမ(၅)ဦးက အခြေခံ Grammar သင်တန်းဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဧပြီလ(၂၁)ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိ သင်ကြားပို့ချပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)