ပဲခူးမြစ်ကူးတံတားသစ် (မြို့ဦးကင်း) ဖွင့်လှစ်ပြီးပါက မြို့တွင်းယာဉ်ကြော ကြပ်တည်းမှုများ လျော့နည်းသွားမည်

ပဲခူး  ဇန်နဝါရီ  ၁၅

ပဲခူးမြို့တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းတံတားများဖွံ့ဖြိုးတိုးတက်ပြီး မြို့အတွင်းယာဉ်ကြော ကြပ်တည်းမှုများ ဖြေလျော့စေရန် ပဲခူးမြစ်ကူး တံတားသစ် (မြို့ဦးကင်း)ကို ၂.၃.၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်ကူးတံတားသည် သမိန်ဗရမ်းလမ်းနှင့် စိန်သာလျောင်းလမ်းမကို ဆက်သွယ်ထားခြင်း ဖြစ်ပြီး တံတားကြီးကို ဘိုးပိုင်အုတ်မြစ်၊ ကိုယ်ထည် မှာ သံကူကွန်ကရိကြမ်းခင်း၊ လက်ရန်းများနှင့် တည်ဆောက်ထားကာ တံတားအရှည်မှာ ၅၁၈.၄ပေ၊ အကျယ် ပေ၄၀၊ တံတား တစ်ဖက်စီတွင် လူသွာလမ်း ၆ပေစီနှင့် ခံနိုင်ဝန်မှာ တန်(၆၀)ဖြစ်ပြီး တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း(၄၂၀၀)ဖြင့် တည်ဆောက်ထားကြောင်း တံတားဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

တံတားကြီးဖွင့်လှစ်ပါက ပဲခူးမြို့အတွင်း ယာဉ်ကြောကြပ်တည်းမှုများ လျော့ကြသွားမည်ဖြစ်ပြီး ပဲခူးမြို့လမ်း ကွန်ယက်ချိတ်ဆက်မှုတွေကို အထောက်အကူဖြစ်စေမှာဖြစ်သည့်အတွက် ပြည်သူလူထု နေ့စဉ် ဘဝလှုပ်ရှားသွားလာမှုများ လွယ်ကူစွာ အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်ကြောင်းနှင့် လာမည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် တံတားကြီးအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဟိန်းထက်(ပဲခူး)