ပေါက်ခေါင်း ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး ၁၁၈၇၃ ဧကစိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် နွေစပါးကို ဧက ၁၁၈၇၃ ဧက စိုက်ပျိုးရန်လျာထားလျက်ရှိရာ ယခုအခါ လျာထားချက်ပြည့်မှီကျော်လွန်စွာ စိုက်ပျိုးပြီးစီးပြီးဖြစ်၍ အောင်မြင်စွာ ဖြစ်ထွန်းနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများက စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့်လည်း နွေစပါးကိုအခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် သွင်းအားစုများပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေရရှိရန်နှင့် စနစ်တကျအသုံးပြုတတ်စေရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)