ဝက်လက် ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်မူးကြီးကျေးရွာတွင် အရင်းအနှီးနည်းသည့် မိသားစု တစ်ပိုင်တစ်နိုင် ခရမ်းဖြူသီးပင်များစိုက်ပျိုးထားရှိရာ အသီးများထွက်ရှိပြီး စျေးကွက် ရရှိသဖြင့်မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လှမ်း အထောက်ကူပြုကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
ခရမ်းဖြူသီးပင် စတင်စိုက်ပျိုးတော့မည်ဆိုလျှင် ပျိုးပင်တစ်ပင်ကို ( ၁၀ )ကျပ်နှုန်းဖြင့် ဝယ်ယူကာ တစ်ပင်နှင့် တစ်ပင် ( ၆ ) တောင်အကွာ စိုက်ပျိုးပြီး၊ အပင် ( ၇၀ ) စိုက်ပျိုး ထားကြောင်းသိရသည်။
အပင်စိုက်ပြီး ( ၄၅ ) ရက်အကြာတွင် မြေဆီကြဲပေးရပြီး၊တစ်ပတ်လျှင် ( ၁ ) ကြိမ် ပိုးသတ်ဆေး နှင့် အားဆေး ပတ်ဖျန်းပေးရကြောင်း ခရမ်းဖြူသီးပင်စိုက်ပျိုးထားသူ မူးကြီးကျေးရွာနေ ဦးသက်နိုင်ဖြိုး ၏ပြောကြားချက်အရ သိရသည်။
အပင်စိုက်ပြီး (၂ ) လ အကြာတွင် အသီးများကို ဆွတ်ခူးပြီးရောင်းချရကြောင်း၊ အသီး တစ်ပိဿာလျှင် ( ၈၀၀ ) ကျပ်နှုန်းဖြင့် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်း အထောက်ပြုလျက်ရှိကြောင်းသိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)