သရက်ချောင်း ဧပြီ ၁၉
နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ဆရာတော်သံဃာတော်များနှင့် ဥပဒကာများက မြို့တွင်းသို့ လှည့်လည်၍ ကမ္မဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်ရာတွင် မြို့ပေါ်ရပ်ကွက်နေပြည်သူများက ပန်း၊ ရေချမ်း၊ ဆီးမီးများဖြင့် ပူဇော်ခြင်း၊ ဆရာတော်များက ကမ္မစာဝါရွတ်ဖတ်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်၍ မြို့တွင်းသို့ လှည့်လည်လာလျှင် ပြည်သူများက ဥပသကာများထံ အလှူငွေများ လှူဒါန်းခြင်းနှင့် အာဟာရဒါနအဖြစ် အအေး၊ မုန့်များ လှူဒါန်းခဲ့ကြောင်း ဆရာတော်သံဃာတော်များ ရွတ်ဖတ်ပူဇော်ပြီးလျှင် ပြည်သူများက အန္တရာယ်ကင်းရှင်းစေရန် ရေမန်းနှင့် သဲမန်းတို့ကို နေအိမ်အပတ်ပတ်လည်တွင် ပတ်ဖြန်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)